တပ်ကုန်း ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပိုက်ကျော်ခြင်း ဝါသနာကစားသမားများ ပူးပေါင်းကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း ကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့သည်။
၂၀၂၃ ခု၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး၊ ပြိုင်ပွဲကို ၁၀.၂.၂၀၂၃ ရက်နေ့မှ ၁၂.၂.၂၀၂၃ရက် နေ့အထိ ပွဲစဉ်(၁၂)ပွဲဖြင့် အင်တိုက်အားတိုက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ဆုရရှိသော အသင်းနှင့် အကောင်းဆုံးကစားသမားများကို ၁၂.၂.၂၀၂၃ ရက်နေ့တွင် တာဝန်ရှိသူများက ဆုငွေများနှင့် ဆုတံဆိပ်များကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)