လားရှိုးမြို့၌ အိမ်ခြံမြေအကျိုးဆောင်သင်တန်း (၃/၂၀၂၃)၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နားမခေါ်ကားကြီးကွင်း၊ ကုန်သည်စက်မှုအသင်းရုံး၊ ခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က အိမ်ခြံမြေအကျိုးဆောင်သင်တန်း(၃/၂၀၂၃)၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း MRESA အသင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးတင်ယုမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပြန့်ပွားရေးဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေနှင့် စပ်လျဉ်းသောဥပဒေနှင့် စာချုပ်စာတမ်းများ၊ အိမ်ခြံမြေအကျိုးဆောင်ကျင့်ဝတ်နှင့် ကျင့်ဝတ်ပညာ၊ မြို့ပြအိမ်ရာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ သတင်းဆက်သွယ်မှုနှင့် ပြည်သူ့ဆက်ဆံရေး၊ မြို့တော်စည်ပင်မြေယာနှင့် အဆောက်အအုံများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည့်ခေါင်းစဉ်များဖြင့် ဖေဖော်ဝါရီလ(၁၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၂)ရက်ကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

 ခရိုင် (ပြန်/ဆက်)