ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၇) ရှိ ဘူတာဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ကလေးသူငယ်ဥပဒေ (၂၀၁၉) အား ရှင်းလင်းပြောကြားခဲ့ပြီး ကလေးသူငယ် များအား ဗန်းပြကာတောင်းရမ်းစားသောက်စေခြင်း၊ ခိုင်းစေခြင်းများကို ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် ကလေးသူငယ်ဥပဒေပါ ပြည်သူများ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလေးသူငယ်အခွင့်အရေးများအား ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ အသက်ရှင်သန်မှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများ တစ်ပြေးညီရရှိရေး ကမ္ဘာနှင့်တစ်ဝှမ်း နိုင်ငံတိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ပြန်/ဆက်)