မက်မန်းမြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show  ပြုလုပ်

မက်မန်း ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေးTalk Show  ရိုက်ကူးထုတ်လွှင့်မှုကို ယမန်နေ့  မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ် ရှင်သန်ခိုင်မာစေရန်အတွက် ရိုက်ကူးထုတ်လွှင့်ခြင်းဖြစ်သည်။ ထိုသို့ရိုက်ကူးရာတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်အေးဝင်းခိုင်(ဦးစီးအရာရှိ)တို့သည် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များအကြောင်း၊ ပင်လုံစာချုပ်၏ အနှစ်သာရ၊ ပင်လုံမှသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအကြောင်း စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရိုက်ကူးခဲ့သည်။

အဆိုပါ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show အား မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက် Pageနှင့် We Love Matman Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ( ခရိုင်၊ ပြန်/ဆက်)