လှိုင်သာယာ(အနောက်ပိုင်း) ဖေဖော်ဝါရီ ၁1
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုနေ့ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့ အသိပညာပေး Talk Show တွင် ပြည်သူများဗဟုသုတ ရရှိစေရန်အတွက် ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းနှင့်သမိုင်းကြောင်းများကို စာရေးဆရာဦးသူရဇော်(ဉာတတ္ထစရိယာ)နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်တို့က အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ ပြည်ထောင်စုနေ့ အသိပညာပေး Talk Show ကို Online facebook pageမှတစ်ဆင့် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်(ပြန်/ဆက်)