ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၃ခုနှစ်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(Talk Show)ကိုယမန်နေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်သော်အေးတို့က မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံးတညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း၊ စည်းလုံးညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့သောနေ့ဖြစ်ကြောင်း၊ မိမိတို့၏ဘိုးဘွားများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ကိုလိုနီခေတ်လွန်မြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love Dangon Seikken Facebook Pageနှင့် မြို့နယ်ပြည်သူ့စာ ကြည့်တိုက် Facebook Page တို့တွင် လွှင်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
အေးမဥ္ဇူ (ပြန်/ ဆက်)