နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို Talk Show ပြုလုပ်

နမ့်ဆန် ဖေဖော်ဝါရီလ ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အ ထိမ်းအမှတ်အကြို Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်း “တွဲလက်ခိုင်ကျည်ပေါင်းစုညီ တို့ညီနောင်ထု ပြည်ထောင်စု” ခေါင်းစဉ်ဖြင့် “ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲဖြစ်ပါတယ်။  တိုင်ရင်းသား အားလုံးဟာ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်ဦးကအရေးကြုံရင် တစ်ဦး ကမပစ်ပယ်ဘဲ တစ်လုံးတစ်စည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့ စိတ်ဓာတ်၊ အရေးကြီးရင် သွေးစည်းရမယ်လို့ ခံယူထားတဲ့ စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း၊ တစ်သားတည်း ရှိတယ်လို့ခံယူတဲ့ စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီခေါ်ဆိုတာဖြစ်ပါတယ်။” ဆိုပြီး အကျယ်တစ်ဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က “အေးအတူပူအမျှ” ခေါင်းစဉ်ဖြင့် “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခအတူခံစားကြ ၍နီးနီးစပ်စပ် အကျိူးချင်းထိပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာတစ်မျိုးစား တည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတစ်စည်းတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာ တရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထား ရမည်ဖြစ် သော်လည်း စင်စစ်မှာ အေးအတူပူအမျှ ကောင်းသူဆိုးဘက် ပူပေါင်းလျက်နေ လိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံသာနု ရကိ္ခတရားသည်တည် နေပေ၏။”ဟု အကျယ်တစ်ဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

နမ့်ဆန်ဒေသရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင်ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ် မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိကြောင်းသိရ သည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)