ဂွ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆိတ်မွေးမြူရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကိုယနေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးခိုင်မိုးမင်းက ဆိတ်မွေးမြူရေးအကြောင်း သိကောင်းစရာများအတွက် အသိပညာပေးဆွေးနွေးပေးစေလိုကြောင်း ဖိတ်ခေါ်ဆွေးနွေးခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာပိုင်စိုးဦးက ဆိတ်အမျိုးအစားများအကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ဆိတ်အမျိုးအစားများ၊ ဆိတ်များအရွယ်ရောက်ချိန်၊ မြိုင်ထချိန်နှင့် မြိုင်သဏ္ဍန်လက္ခဏာများ၊ မျိုးဆိတ်သိုး ရွေးချယ်မွေးမြူပုံ၊ ဆိတ်မများအား သားစပ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သားငယ်လေးများအား ပြုစုစောင့်ရှောက်ခြင်း၊ ဆိတ်များတွင်အများဆုံးဖြစ်တတ်သော ကူးစက်ရောဂါများနှင့် ကာကွယ်စောင့်ရှောက်ပုံ စသည့်ဆိတ်မွေးမြူရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်လင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်