မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု​​​​​​​ဖြင့် ကွင်းဆင်းဆောင်ရွက်

မုဒုံ ဖေဖော်ဝါရီ ၁၁

မုဒုံမြို့နယ်တွင် ဆည်ရေသောက်ဧရိယာများ၌ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှူဖြင့် ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ၌ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊  ဆည်မြောင်ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ကွင်ဆင်းစစ်ဆေးခဲ့သည်။

 ကွင်းဆင်းစစ်ဆေးရာတွင်မုဒုံမြို့နယ် ဝင်းဖနုံဆည်ရေသောက် ဧရိယာထုံမန်ကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနမှ စနစ်တကျလယ်မြေ ဧက ၃၀၀ ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နွေစပါးရာသီတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

မုဒုံသူ ပြန်/ဆက်