မြေပုံ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ အထက(မြေပုံ) ကျောင်းသား/သူများ အားမူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အ.ထ.က (မြေပုံ)ရှိ ဦးစိန္တာအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(မြေပုံ)မှကျောင်းအုပ်ဆရာကြီးဦးမောင်လှခင်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးညွန့်ထွန်းမှ “အနာဂါတ်မျိုးဆက်လှပဖို့ မူးယစ်ဆေးရှောင်ကြစို့” ကောင်းစဉ်ဖြင့်အသိပညာပေးပြောကြားရာ၌ ကျောင်းသူ/သားအနေဖြင့် မှတ်သားလိုက် နာကြရန်ပြောကြားသည်။ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ အဓိကအုပ်စုကြီး(၃)ခုရှိကြောင်း၊ ၎င်းတို့မှာ သဘာဝအလျောက်ဖြစ်ပေါ်သည့်မူးယစ်ဆေးဝါးပင်များ(ဘိန်းပင်၊ ဆေးခြောက်ပင်၊ ဘိန်းစာပင်နှင့် ကိုကာပင်)တို့အကြောင်း၊ တစ်စိတ်တစ်ပိုင်းဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး ဘိန်းဖြူ)အကြောင်း၊ ဓာတ်ပြုပစ္စည်းများဖြင့် ဓာတ်ပြုခြင်းမှထွက်ပေါ်လာသော မူးယစ်ဆေးဝါး (စိတ်ကြွရူးသွပ်ဆေး၊ စိတ်ပြောင်းဆေး)တို့အကြောင်း ပညာပေးပြောကြားသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအဓိပ္ပါယ်နှင့် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း(၈)ချက်တို့ကို ကျောင်းသား/သူများသိရှိလိုက်နာနိုင်ရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရန်အတွက် မူးယစ်ဆေးသုံးစွဲသူနှင့်မိတ်ဖွဲ့ခြင်းကိုရှောင်ကြဉ်ရန်၊ မည်သည့်ဆေးဝါးကိုမှ စမ်းသပ်သုံးစွဲသည့်သဘောဖြင့်မသုံးစွဲရန်၊ တစ်ကြိမ်တစ်ခါသုံးစွဲရုံဖြင့် မူးယစ်ဆေး ဝါးမစွဲဟုသောခံယူချက်ဖြင့် သုံးစွဲသူများသည် မူးယစ်ဆေးစွဲသည့် အဖြစ်သို့ရောက်ရှိနိုင်သည်ကိုသတိပြုရန်၊ ပြသနာတစ်ခုဖြစ်လာခြင်းကိုမူးယစ်ဆေးဝါးသုံး၍ မဖြေရှင်းနိုင်ကြောင်းနှင့် ရောဂါတစ်ခုခုအတွက် နားလည်တတ်ကျွမ်းသောဆရာဝန်ကြီးများ၏ ညွှန်ကြားချက်မှလွှဲ၍ မည်သည့်မူး ယစ်ဆေးဝါးနှင့်မျှမကူးစက်မိစေရန်တို့ကို Projector ဖြင့်ရှင်းလင်းပြသအသိပညာပေးဟောပြောခဲ့ပြီး “လူသားအားလုံး၏အန္တရာယ် ဝိုင်းဝန်းကာကွယ်မူးယစ်ရန်စွယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်ဝင်း