ညောင်ရွှေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားရုပ်ပုံပန်းချီများကို ပြိုင်ပွဲဝင်များက ဆေးရောင်ခြယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်