ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခေါင်းလောင်းသံ ကိုယ်ပိုင်မူလတန်းကျောင်းတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ခေါင်းလောင်းသံ ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ မူလတန်းအဆင့် ဆေးရောင်ချယ်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ကျောင်းသူ(၁၃)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ထိုက်တင်ထွေး၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေ ဆွေဝင်း၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊ မြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီမေနန်း)နှင့် ကိုယ်ပိုင်မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သီဟကျော်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)