သာစည်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေ

သာစည် ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ပေါ်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်() အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများထံသို့    ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် တွဲလက်ခိုင်ကျည် ပေါင်းစုညီ၊ တို့ညီနောင်ထု ပြည်ထောင်စု၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေး ဆီသို့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပြတ် ရှေ့သို့ဆက်၊  စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့၊ အေးအတူ ပူအမျှ၊ ပြည်ထောင်စုကြီးအဒွန့်ရှည်ဖို့ တို့ညီနောင်တိုင်းရင်းသားတို့ ထာဝစဉ် သွေးစည်းညီညွတ်ကြပါစို့၊ ညီညွတ်ခြင်းသည် စွမ်းအင်၊ စည်းလုံးခြင်းသည် ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား

ဆောင်ပုဒ်၊ ကဗျာ ကာတွန်းနှင့် ကောက်နုတ်ချက်များ စသည်တို့ ပါဝင်သည့် လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အသိပညာပေး  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)