ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းကစားသမားဟောင်းများ ပူးပေါင်းကျင်းပသော ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ် ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၈)သင်း ပါဝင်ယှည်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို (၁၀-၂-၂၀၂၃) ရက်နေ့မှ (၁၂-၂-၂၀၂၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး (၁၀-၂-၂၀၂၃) ရက်နေ့မှစတင်ပြီး ပွဲစဉ် (၁၂)ပွဲ အင်တိုက်အားတိုက် ယှဉ်ပြိုင်ကစားလျက်ရှိကြသည်။
ဆက်လက်ပြီး ၂၀၂၃ ခုနှစ် ၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသောအသင်းများနှင့် အကောင်းဆုံးကစားသမားများကို (၁၂-၂-၂၀၂၃)ရက်နေ့တွင် တာဝန်ရှိသူများမှ ဆုငွေများနှင့် ဆုတံဆိပ်များကို ထိုက်တန်စွာချီးမြင့်သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)