(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်(၉)နာရီက ချောင်းဆုံ မြို့နယ်အားကစားရုံတွင် ကျင်းပ ပြုလုပ်သည်။

အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ (ထွေ/ အုပ်)ဌာန၊ ပညာရေဌာန၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန၊ မီးသတ်ဌာန အသင်း(၅)သင်းတို့မှ ပွဲစဉ်(၃)ပွဲဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး  ဗိုလ်လုပွဲကို ပညာရေးဌာနအသင်းနှင့် စိုက်ပျိုးရေးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပညာရေးအသင်းမှ ပထမဆု၊ စိုက်ပျိုးရေးဌာနမှ ဒုတိယဆုရရှိခဲ့ပြီး ဆုပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်နိုင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ ဆက်)