ကျိုက်ထို ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာဟောပြောပွဲနှင့် စွမ်းရည်ပြိုင်ပွဲများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်း (မြောက်ပိုင်း) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးအကြောင်းကို ဟောပြောခဲ့ပြီး စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ကာ ထူးချွန်သူများအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)