ပင်းတယ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အားပွေးလှကျေးရွာအုပ်စု၊စ င်္ကြာကုန်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က နိုင်ငံတော်အစိုးရ၏ ရှေးလုပ်ငန်းစဉ်များ၊ မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည် သဘောပေါက်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့တွင်ပါဝင်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)နှင့် သက်ဆိုင်ရာဌာနများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးချပြရှင်းလင်းဆွေးနွေးပြောကြားပေးရာ တက်ရောက်လာသည့် မိဘပြည်သူများ၏ သိရှိလိုသည်များ၊ တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)