မန်တုံမြို့နယ်တွင် မြန်မာနိုင်ငံအလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပ

မန်တုံ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြန်မာနိုင်ငံကလေးများနေ့အကြိုကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  မြန်မာနိုင်ငံကလေးများနေ့အကြို၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကလေးများအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မူကြိုကလေးငယ်များက ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်းနှင့် အခြားအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကြ၍ဆုရရှိသည့် ကလေးငယ်များအား ဆုများချီးမြှင့်ခြင်း၊ အာဟာရများကျွေးမွေးခြင်းနှင့်ဖျော်ဖြေပွဲများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)