ကိုဗစ်ကာလ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ သန်လျင်၌ထောက်ပံ့ပေးအပ်

သန်လျင်   စက်တင်ဘာ  ၂၈

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေပိုင်းတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ကိုဗစ် ကာလဝန်ထမ်းများ အထိုက်အလျောက် အဆင်ပြေစေရန် အခြေခံစားကုန်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ Stay at Home ညွန်ကြားချက်များ တိတိကျကျ လိုက်နာကြရန် ဖြစ်ကြောင်း လုပ်ငန်းတာဝန်များ အလှည့်ကျထမ်းဆောင်နေသဖြင့် မိမိတာဝန်ဟု မှတ်ယူ၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ကြက်သွန်နီ(၁)ပိသာ၊ ကုလားပဲ(၁)ပိသာ၊ ဆီ(၅၀)သား၊ကြက်ဥ(၁၀)လုံးနှင့် နှာခေါင်းစည်း Mask (၅၀)စီတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့်တာဝန်ရှိသူများ က ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)