ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရသေ့တောင် ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် ရှေ့ဦးစွာ ဒုတိယဦးစီးမှူဒေါ်တင်ဇာဦးက တတိယတန်းကျောင်းသားကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ကြရာ ရုပ်ပုံနှင့်ဆေးရောင်ခြယ်သမှု အကောင်းဆုံးကျောင်းသား၊ ကျောင်းသူ(၃)ဦးအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)