သုံးခွမြို့နယ် လက်ပန်ကျေးရွာ အ.မ.ကကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်ကွင်းဆင်းဆောင်ရွက်

သုံးခွ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူလေးများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လက်ပန်ကျေးရွာ အ.မ.ကကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လက်ပန်ကျေးရွာ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်မေဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်လှိုင်သူဇာက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအ‌ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေဖို့အတွက် ယခုလိုဟောပြောပွဲတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် သားငယ် သမီးငယ်လေးများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိမည့် စာပေများကိုလည်း ဖတ်ရှုသင့်ပါ‌ကြောင်း‌ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိများ၊ လူကုန်ကူးမှုအသိပညာပေးစာစောင်များနှင့် မူးယစ်ဆေးဝါးအကြောင်း သိ‌ကောင်းစရာများစသည့် အ‌ကြောင်းအရာများကို စိတ်ဝင်စားစွာကြည့်ရှုကြပြီး သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)