နွားထိုးကြီး ဖေဖော်ဝါရီ ၁၀
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သဘာဝဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်မေသျှန်ဒီအောင်ကျော်မှ လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ နွေကြို ကာလ၊ နွေကာလ၊ မိုးကြိုကာလများတွင် ဖြစ်တက်ပါတယ်၊ လေပြင်းဘေးနဲ့အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း မိုးသီးကြွေကျခြင်း၊ နေရာကွက်ကြားမိုးထစ်ခုန်းရွာခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်နိုင်ပြီး၊ လေပြင်းဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်အချက်များ၊ လေပြင်းတိုက်ခတ်စဉ် မလိုအပ်ပဲအပြင်မထွက်ရန်၊လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်း တိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့်ရှင်းလင်ပြီး သဘာဝဘေး ဖြစ်ပေါ်ပြီးနောက် ရှောင်ရှားရမည့်အချက်များ၊ အရေးပေါ်သုံး ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အကျယ်တဝင့် ရှင်းလင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်