လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် YBS ယာဉ်များမှ လွဲ၍ အခြားမည်သည့်ယဉ်မှ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ မြို့နယ်ကျော်ဝင်ရောက်ဖြတ်သန်းသွားလာမှု မရှိစေရေး အသိပညာပေး ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်း မှ စ၍ YBS ယဉ်လိုင်းများမှ လွဲ၍ အခြားမည်သည့်ယာဉ်မှ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ မြို့နယ်ကျော်ဝင်ရောက် ဖြတ်သန်းသွားလာမှုမရှိစေရေး အသိပညာပေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ်ရဲမှူး ခင်ဇော်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်နှင့် ရပ်ကွက်ကျေးရွာ အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မိသားစုကျန်းမာရေး မဖြစ်မနေ ဈေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက် ဈေးဝယ်ထွက်ခြင်း အစရှိသည့် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ YBS ယာဉ် များမှအပ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်၊ သုံးဘီးအစရှိသည့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာမှုမရှိစေ ရေးကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံဧရာအဝေးပြေးဝင်းရှေ့နှင့် ရပ်ကွက်/ကျေးရွာများ၏ လမ်းဆုံ၊ လမ်းဂွများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)