သံခရိုင်၊ ငပလီမြို့၌ (၇၆)နှစ်မြောက်​​ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ငပလီ  ဖေဖော်ဝါရီ  ၁ဝ

သံတွဲခရိုင်၊ ငပလီမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အ.ထ.က ငပလီ အခြေခံပညာအထက်တန်းကျောင်း၊ အ.လ.က ဇီးဖြူကုန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်း စကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ခုနှစ်ဇန်နဝါရီလ (၂၀)ရက်နေ့က ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၁၂-၂-၂၀၂၂ရက်နေ့ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်၊ကဗျာ၊ဆောင်းပါး၊ ကာတွန်း၊ ဆောင်ပုဒ်၊ မှတ်တမ်းဓာတ်ပုံများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်ကို အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငပလီပြန်/ဆက်