တောင်သာ ဖေဖော်ဝါရီ ၁၀
တောင်သာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်သာမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်သာမြို့အနောက်ရပ် အခြေခံပညာ အလယ်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဉီးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၂၀-၁-၁၉၄၆) ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့(ဆောင်းပါး)၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ဖိုလေးလုံးသောင်းကိုကို၏ “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့” (ကဗျာ)၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိကြောင်း၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် သိမှတ်ဖွယ်ရာ ဗဟုသတများကို ကျောင်းသားကျောင်းသူများ သိရှိနိုင်စေရန် ရည်ရွယ်ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)