လှိုင်မြို့နယ်တွင် နေအိမ်ပြင်ပသို့ Stay at Home ကာလအတွင်း အကြောင်းမဲ့သွားလာခြင်းမပြုရန် အ သိပညာပေး လုပ်ငန်းများ ဆောင်ရွက်

လှိုင် စက်တင်ဘာ ၂၈


ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
လှိုင်မြို့နယ် ဘုရင့်နောင်လမ်းနှင့် ဘူတာရုံလမ်းဆုံ၊ ဘုရင့်နောင်လမ်းမနှင့် ပါရမီ မီးပွိုင့်အနီးတို့တွင် ယမန်နေ့ နံနက်ပိုင်းကစ၍ လမ်းပေါ်တွင် သွားလာနေကြသော မော်တော် ယာဉ်များအား ရပ်တန့်စေပြီး သတ်မှတ်ထားသော အောက်တိုဘာလ (၇)ရက်နေ့အထိ လှိုင်မြို့နယ်နေ ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေးကိစ္စများ၊ စျေးဝယ်ခြင်းကိစ္စများမှလွဲပြီး အကြောင်းမဲ့ ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြုရန် နယ်မြေကျော်သွားလာရန် လိုအပ်ပါက ထောက်ခံချက်များပါရှိရန် မော်တော် ယာဉ်များအား တားဆီး၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး သန်းဌေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့ နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)