ရမည်းသင်း ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီးမှူး၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုအဖြစ်ကဗျာရွတ်ဆိုပြိုင်ကို ယနေ့မွန်းလွဲ ၁နာရီအချိန်က ရမည်းသင်းမြို့ ဝါတိုး ရပ်ကွက်အတွင်းရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မူလတန်းကြိုကျောင်းသား၊ ကျောင်းသူများမှတို့ ဗိုလ်ချုပ်ကဗျာသီဆိုခဲ့ကြပြီး၊ ကျောင်းသူများမှ မေမေ့ကျေးဇူးကဗျာကိုလည်း ကောင်း၊ ကျောင်းသားများမှသူငယ်ချင်းကဗျာကို လည်းကောင်း ယှဉ်ပြိုင်သီဆိုခဲ့ကြသည်။
ဆက်လက်၍ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့် အဖွဲ့ဝင်တို့က ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကြကာ မူလတန်းကြိုကျောင်းရှိကျောင်းသား၊ ကျောင်းသူများ မဲဖောက်ပြီး အမှတ်တရပစ္စည်းများပေးအပ်ခဲ့ကြရာ ကျောင်းသား၊ကျောင်းသူများမှ နှုတ်ဆက်ပါတယ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ထို့နောက် မူကြိုကျောင်းသား၊ကျောင်းသူများကို အာဟာရအဖြစ် သာကူကြိုနှင့် နို့ထမင်းကျွေးမွေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)