မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း CERP အစီအစဉ်ဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ (Talk Show) ဆောင်ရွက်

 

မိုင်းပန်          စက်တင်ဘာ             ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း CERP အစီအစဉ်ဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ (Talk Show) ကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် CERP အစီအစဉ် ဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ စသည့် အမယ်(၅)မျိုးအတွက် ထောက်ပံ့ ငွေပေး အပ်ခြင်းအစီအစဉ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ်အထက် လူမှုရေး ပင်စင် ခံစားနေသော အဘိုး၊ အဘွား တို့အား CERP အစီအစဉ်ဖြင့် ထောက်ပံ့ငွေ ထပ်ဆောင်းပေးအပ်ခြင်းအစီအစဉ်၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အစီ အစဉ် စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးမှ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ကွန်ပေါင်းမြေသြဇာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း၊ Home Gardening ဆောင်ရွက်ပေးခြင်း တို့အား ပါဝင်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်း မှ CERP အစီအစဉ်ဖြင့် Cash for Work စီမံကိန်းနှင့် VRFP စီမံကိန်းတို့နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးခဲ့မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Cash for Work စီမံကိန်းဖြင့် ကျေးရွာနေ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ကာ လုပ်အားခဝင်ငွေများ ရရှိစေ ခဲ့ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆန်းမြင့်(မိုင်းပန်)