(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကန်ပိုက်တီမြို့၌ ကျင်းပ

ကန်ပိုက်တီ ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပြည်ထောင်စုနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် ကန်ပိုက်တီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ကန်ပိုက်တီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကန်ပိုက်တီမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

ကန်ပိုက်တီ (ပြန်/ဆက်)