မံစီ ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်တိုင်တီထွင်ဖန်တီး တတ်သည့် အတွေးအခေါ်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အမှတ် (၄)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ကလေးငယ်များ စုစုပေါင်း (၂၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကာ ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)