မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို စာဖတ်ဝိုင်းပြုလုပ်

မံစီ ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း ‌ရေးသားထားသည့် “ရေကြည်ချမ်းမြ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် စာပေဝါသနာရှင်များ စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာပေချစ်မြတ်နိုးသူအချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းများကို အစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများက စာရေးဆရာ ဒေါက်တာမတင်ဝင်း ‌ရေးသားထားသည့် “ရေကြည်ချမ်းမြ” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ   ခေါင်းစဉ် တစ်ခုစီ ဖတ်ကြားပြီး မိမိတို့၏ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေနွေးခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)