လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ဖျားနာကုဆေးခန်းသို့ဆေးဝါးများလာရောက်လှူဒါန်း

 လှိုင်သာယာ(အနောက်ပိုင်း)   စက်တင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ဒေသန္တရဆေးခန်းတွင်ဖွင့်လှစ်ထားရှိသည့်လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့မွန်းလွဲ(၁၂:၃၀) ခန့်က Thai Nakorn Patana Co..LTD မှတာဝန်ရှိသူ များက ဆေးဝါးများ လိုအပ်မူမရှိစေရေးအတွက် အထောက်အကူပြုဆေးဝါးများ လာရောက်         လှူဒါန်းရာ တာဝန်ခံဆရာဝန် ဒေါက်တာနိုင်မင်းထွဋ်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန် လည် ပြောကြားခဲ့သည်။

လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှအလုပ် သမားများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ယခုလို ကာလအတွင်း မြို့နယ်ဆေးရုံကြီးနှင့် လှိုင်သာယာဖျားနာကု(အခမဲ့)ဆေးကုခန်းကိုသာ အားကိုး လျှက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံအရသာပျောက်ဆုံးသူများအနေဖြင့် အချိန်တိုအတွင်း ဆေးကုသမူခံယူ နိုင်ရန်နှင့် ကိုဗစ်၁၉ရောဂါသံသယရှိသည့်လူနာများကိုလည်း စောလျှင်စွာ ကျန်းမာရေးစောင့် ရှောက်မူ ခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျှက်ရှိရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

အဆိုပါဖျားနာကုဆေးခန်းသည် နေ့စဉ်နံနက်()နာရီမှ နေ့လည်(၁၁:၃၀)အထိ ပိတ်ရက် မရှိ ကုသပေးလျက်ရှိရာ နေ့စဉ်ဆေးခန်းလာရောက်ပြသသည့် လူနာပေါင်း(၃၀)ကျော်ခန့် ရှိ ကြောင်း သိရသည်။

မေရီစိုး(ပြန်/ဆက်)