ကျိုင်း​တောင်းမြို့ မြို့ဝင်မြို့ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းများ နေ့စဉ်စစ်ဆေးဆောင်ရွက်

 

ကျိုင်းတောင်း  စက်တင်ဘာလ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင်  အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျိုင်းတောင်းမြို့ မြို့ဝင်မြို့ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့သို့ အဝင်အထွက် သွားလာနေသည့် မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များ ပေါ်တွင် စီးနင်းလိုက်ပါလာသော ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း၊  ကိုယ်အပူချိန်တိုင်းတာခြင်း ၊ လက်သန့်ဆေးဖြင့် လက်သန့်စင်မှုပြုလုပ်ခြင်း၊ မော်တော်ယာဉ်များအား ပိုးသတ်ဆေး ဖြန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ​ဒေသများမှ ရောက်ရှိလာသည့် ခရီးသွား ပြည်သူ များကို Facility Quarantine Center၌ Quarantine ဝင်ရောက်စေခြင်း စသည့် လုပ်ငန်း များကို နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိပါသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့်  အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့တို့မှ ပူးပေါင်း၍ အလှည့်ကျတာဝန်ချထားမှုစနစ်ဖြင့် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)