ကျောက်တံခါး စက်တင်ဘာ ၂၈
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ကျောက်တံခါးမြို့နယ်၊တောကျွဲအင်း(ခ)အောင်မြင်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောကျွဲအင်း(ခ)အောင်မြင်နယ်မြေရဲစခန်းမှူးရဲအုပ်မင်းလွင်နှင့် ဒုရဲအုပ် ခင်မောင်ဆန်း၊ ဒုရဲအုပ်ရန်နိုင်အောင်၊ ဒုရဲအုပ်ဆန်းလင်းတို့ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် (၁၃)ဦး စုစုပေါင်းရဲတပ်ဖွဲ့ဝင်(၁၇)ဦးတို့သည် တောကျွဲအင်း(ခ)အောင်မြင်မြို့မရပ်ကွက် မဇ္ဇျိမာရုံ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းနှင့် ရန်ကုန်-မန္တလေး(ကားလမ်းဟောင်း)လမ်းမကြီးဘေးရှိ ခြုံနွယ်နှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းများကို စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)