မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက  မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၁) မူလတန်းကြို ကျောင်း စမ်းသီတာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျော်ပွဲရွှင်ပွဲများအနေဖြင့် အမှတ် (၁) မူလတန်းကြိုကျောင်းမှ တိုင်းပြည်၏ အနာဂတ် ရင်သွေးငယ်လေးများက တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး အငယ်တန်း၊ အကြီးတန်းများမှ သားငယ်/ သမီးငယ်လေးများက တစ်ဦးချင်း၊ အုပ်စုလိုက် ပုံပြင်ပြောပြိုင်ခြင်း၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူ ရင်သွေးငယ်လေးများအား ကချင်ပြည်နယ် လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် အမှတ်တရလက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)