မချမ်းဘော့ ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသား ရေး ဦးတည်ချက်များ၊ ပြည်ထောင်နေ့နှင့် ပတ်သက်၍ တိုင်းရင်းသားညီအစ်ကို မောင်နှမများထံသို့ တိုက်တွန်းချက် များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ရုံးအနေဖြင့် နယ်လှည့်စာကြည့်တိုက်များ၊ အသိပညာ ပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)