မန္တလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မန္တလေး ဖေဖော်ဝါရီ ၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ (၁)နာရီ၌ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထကခွဲ(၂၅)မှ အထက်တန်းပြဆရာမ ဒေါ်တင့်တင့်ထွန်းတို့က မူးယစ်ဆေး၏ဆိုးကျိုးများ၊ လူငယ်များကို ငယ်စဉ်ကပင် စာပေ၊အားကစား၊အနုပညာစသည့်ဝါသနာပါရာများကို ပြုစုပျိုးထောင်ပေးရေး၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများကို အသိပညာပေးဆောင်ရွက်ရေး၊ ဆေးစွဲသူ များကိုသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ဆေးဖြတ်နိုင်ရေးကူညီပံ့ပိုးရေး၊ မူးယစ်အစ ဆေးလိပ်ကဟူသည့်အတိုင်း ဆေးလိပ်များ၏ အန္တရာယ်ဆိုးကျိုးများကို ကြိုတင်ပညာပေးရေး၊ လူငယ်ဘဝတွင် အပေါင်းအသင်းများကို စံနစ်တကျရွေးချယ်ပေါင်းသင်းရေး အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)