ဝိုင်းမော်မြို့နယ် (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာ Talk Show ကျင်းပ

ဝိုင်းမော် ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အားညီက (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့၏ ဆွေးနွေးချက်၊ လုပ်ဆောင်ချက်များကို အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့သည်။

ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online နှင့် Facebook Page မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဖြူစင် (ပြန်/ဆက်)