စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်​ဆေးဝါး အန္တရာယ်ကာကွယ်​ရေး အသိပညာ‌​ပေး​ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

စမ်းချောင်း ဖေဖော်ဝါရီ

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်​နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်​ဆေးဝါး အန္တရာယ် ကာကွယ်ရေး အသိပညာ​ပေး ဟော​ပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ​ ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား​၊ ကျောင်းသူများ ငယ်ရွယ်စဥ်အချိန်၌ မူးယစ်​ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊  မူးယစ်ထုံထိုင်း​​စေသည့်​ဆေးများ သုံးစွဲခြင်း​ကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအ​ကြောင်း၊ မူးယစ်အစ​ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်​သောက်သုံးခြင်း မပြုကြရန်စသည်ဖြင့် ဟော​ပြော​ဆွေး​နွေးခဲ့သည်။

ထို့​နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာ​ပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

နီလာစိုး