ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းအုပ်ကြီးဖလား အဆောင်လိုက်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအား ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းအားကစားကွင်း၌ကျင်းပရာ ဘောလုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် အသင်းများကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါအဆောင်လိုက် အမျိုးသားဘောလုံးပြိုင်ပွဲကို (၃ဝ-၁-၂ဝ၂၃)ရက်နေ့မှ(၈-၂-၂ဝ၂၃) ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်း ၇ သင်းဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အေးမဥ္ဇူ(ပြန်/ဆက်)