မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၁)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်

မိုးကောင်း ဖေဖော်ဝါရီ ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်၏ (၂၁)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရွာနာမ်စေတီ၌ တပို့တွဲလကွယ်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၃)ကျောင်းနှင့် သီလရှင်ကျောင်း(၂)ကျောင်းတို့အား စေတနာရှင်၊ အလှူရှင် များလှူဒါန်းကြသော ဆွမ်းဆန်တော်ကို ရွာနာမ်ဆုတောင်းပြည့်စေတီတွင် တရားနာရေစက်ချ ဆောင်ရွက်သွားမည်ဖြစ် သည်။

နောင်ကိုင်တော်ရပ်ကွက်သည် သာယာအေး၊ ရုံးဟောင်း၊ စေတီကုန်း၊ အနောက်ပြင်၊ ရွာမ၊ အရှေ့ပြင်၊ ရှမ်းပိုင်း၊ အုပ်ဖို၊ မဟောင်၊ စက်မှုလယ်ယာကွက်သစ်အုပ်စုတို့မှ အိမ်ခြေ(၈၅၀)ခန့်ရှိပြီး ဆွမ်းဆန်အိတ်တစ်အိတ်ကို (၆၀၀၀၀/-) ခြောက်သောင်းကျပ်နှုန်းဖြင့် ဆုတောင်းပြည့်ရွာနာမ်စေတီ ဂေါပကထံသို့ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)