ပေါ်ဦးပေါ်ဖျားထန်းလျက်များ ဈေးကောင်းရရှိခြင်းကြောင့် ထန်းတက်ရာသီအစမှာပင် ထန်းတောင် သူများတွက်ခြေကိုက်နေ

ညောင်ဦး  ဖေဖော်ဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင်ထန်းတောင်သူများထန်းလျက် ပေါ်ဦးပေါ်ဖျားဈေးကောင်းနေခြင်းကြောင့် မိသားစုစီးပွားရေးတွက်ခြေကိုက်နေကြပြီး ထန်းတက်မှု မြင့်တက်လာနိုင်ကြောင်း ညောင်ဦးမြို့နယ် ပိုင်ထန်းတဲပိုင်ရှင် ဦးစံမောင်ကပြောကြား၍သိရသည်။

ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့တို့တွင်ထန်းပင်အမြောက်အများနှင့် ထန်းတောင်သူအများအပြားကျန်ရှိနေသေးသည့်မြို့တို့ဖြစ်ကာယခုနှစ်ထန်းလျက်ပေါ်ဦးပေါ်ဖျားဈေးနှုန်းတစ်ပိသာ  သုံးထောင်ငါးရာကျပ်ရှိနေပြီး၊ ယခင်နှစ်ထန်းလျက်ပေါ်ဦးပေါ်ဖျားတစ်ပိသာ တစ်ထောင့်ငါးရာကျပ်သာရှိပြီးယခုနှစ်ဈေးကောင်းလာခြင်းကြောင့်ထန်းတက်တောင်သူများလာနိုင်ကြောင်းနှင့်ထန်းတက် ရာသီကုန်ဆုံးချိန်ထိ ထန်းလျင်တစ်ပိသာနှစ်ထောင်ငါးရာကျပ်ရှိနေပါက ထန်းတောင်သူများပြန် လည်ထန်းလုပ်ငန်းလုပ်ကိုင်လာနိုင်ကြောင်း ဦးစိုးလှိုင်ကပြောကြားသည်။ထန်းလုပ်ငန်းသည် ထန်း တက်ရာသီမစမီအချိန်ကပင် ထန်းလျက်ချက်ဖိုပြုလုပ်ထားရခြင်း၊ ထန်းလျက်ချက်ဖိုပြုလုပ်ရန် မြေနီစေးသွားတူးရခြင်း၊ထန်းလျက်ချက်ရန် ထန်းဖတ်၊ထန်းလက်၊ထန်းရွက်၊ထင်း လောင်စာများစု ဆောင်းထားရခြင်း၊ ထန်းတက်မည့်ထန်းပင်အရေအတွက်နှင့် ထန်းနို့ခိုင်မည်မျှထွက်သည်ကိုကြည့်ပြီး ထန်းဆွဲမြူအိုးများကြိုတင်ဝယ်ယူထားရခြင်း၊ ထန်းလျက်ကြိုချက်ရန် အဝကျယ်မိုးဗြဲဒယ်၊ ထန်းဆွဲ မြူအိုးကြိုးများ၊ ကလိုင်၊ဓားသုံးမျိုး၊ ထန်းလီးဓားထည့်အိမ်၊ ယင်းထောင်(လှေကား)၊ယင်းဆွဲ(ထန်း ပင်ထိပ်တွင် ထန်းလက်အစိုပေါ်ချိတ်ပြီးထားသည့် လှေကားတစ်မျိုး)တို့ကြိုတင်ပြုလုပ်ထားရခြင်း ၊ ထန်းလှီးထန်းတက်ရန် ထန်းပင်ပြင်ရာတွင် အခကြေးငွေမပေးရပဲထန်းတောင်သူအချင်းချင်းလက် စားလိုက်ပြင်ပေးရခြင်း၊များသည် ထန်းတောင်သူများထန်းမတက်ခင်ကြိုတင်ပြင်ဆင်ရသည့် အလုပ် များဖြစ် (ကြိုတင်စုဆောင်း)ကြောင်း၊အချို့ထန်းတောင်သူများ ထန်းတက်ရာသီမဟုတ်ချိန်တွင်  မိသားစုစားဝတ်နေရေးပြေလည်စေရန် ကြိုတင်ငွေ(အရပ်ခေါ်ထန်းလျက်အငံ့ဆိုင်း)ကြိုယူထားရပြီး ထန်းလျက်ပေါ်ချိန်  ထန်းလျက်ဈေးဘယ်လောက်ကောင်းကောင်း ကြိုတင်ငွေယူထားသည့်ဈေး အတိုင်း ထန်းလျက်ပွဲ စားများ(ပွဲရုံ)သို့ထန်းလျက်သွင်းရကြောင်းထန်းတောင်သူများမှရှင်းပြသည်။

ထန်းလျက်လုပ်ငန်းသည် အိမ်ရှိလူကုန်ပင်ပန်းသောလုပ်ငန်းဖြစ်ကာ ထန်းသမားတစ်ယောက်ထန်း အပင်သုံးဆယ်တက်လျှင်(လှီး)နံနက်တစ်ခါ ညနေတစ်ခါ အကြိမ်(၆၀)တက်ရကြောင်း ၊ ထန်းဆွဲမြူအိုးကောက်၊ ထန်းလျက်ချက်သူ ၊ထန်းလျက်ချက်ဖိုမီးထိုးသူ၊ထန်းတောင်သူမိသားစု လူဆယ်ယောက်ရှိလျှင် လူဆယ်ဦးလုံးပင်ပန်းသောလုပ်ငန်းဖြစ်သော်လည်း ငါ့သရောက်နယ်သည် ခေတ်အဆက်ဆက်ထန်းတက်လုပ်ငန်းအား အားကိုးအားထားပြုလုပ်ကိုင်လာခဲ့ရာ ထန်းလျက်ဈေး နှုန်းမှာလည်း တစ်မိသားစုလုံးလုပ်မှပိုလျှံသည်မရှိခဲ့ခြင်းကြောင့် ထန်းတောင်သူ သားသမီးများ ပြည် ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်သူများပြားလာကာ ထန်းသမားဦးရေ သိသိသာသာလျော့ နည်းလာခဲ့ရာ ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာသည် အိမ်ခြေသုံးရာကျော်ရှိပြီး တစ်ရွာလုံး ထန်းတက်လုပ်ငန်းလုပ်ကိုင်လာခဲ့ရာ ယခုအခါ ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်သွားလုပ်ကြရာ ထန်းတက်သမား သုံးချိုးတစ်ချိုးပင်မရှိတော့ကြောင်း ထန်းတောင်သူ ဦးအောင်ရင်မှပြောကြား၍သိရပြီး ထန်းလျက်ပေါ်ဦးပေါ်ဖျားဈေးကောင်းခြင်းကြောင့်ထန်းတက်သူများပြားလာနိုင်ကြောင်း ငါ့သရောက်မြို့ ဆင်သားမွေးကျေးရွာ ထန်းတောင်သူ ဦးမောင်မောင်ဦးပြောကြား၍သိရသည်။

ဒီပါလင်း