ဘီးလင်း ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် မူလတန်းအဆင့်ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်၊ ဘောလုံးပစ်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ သားရေကွင်းကောက်ပြိုင်ပွဲနှင့် ဘောပင်ရေဘူးထည့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ သုတစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ပြန်ဆက်)