မတ္တရာမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပ

မတ္တရာ ဖေဖော်ဝါရီ ၈

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာရေးစပ်ပြိုင်ပွဲကို  ဖေဖော်ဝါရီလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများ၌ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နံနက်ပိုင်းတွင် ကျင်းပရာ မဲကျရာ ခေါင်းစဉ်ဖြစ်သည့် “ပြည်ထောင်စုဖွား သွေးချင်းများ” ခေါင်းစဉ်ဖြင့်လည်း ကောင်း နေ့ပိုင်းတွင် ကဗျာရေးစပ်ပြိုင်ပွဲကို မဲကျရာခေါင်းစဉ်ဖြစ်သည့် “ခိုင်မြဲလက်တွဲ ပြည်ထောင်စုပွဲ”ဖြင့်လည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)