ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ခရိုင်နှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များသို့ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အဖွဲ့ဝင် များအတွက် မတည်ရင်းနှီးငွေများ၊ အဖွဲ့ဝင်ဝတ်စုံများ၊ ရင်ထိုးတံဆိပ်၊ အဖွဲ့ဝင်ကတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းက အဖွဲ့အနေဖြင့် မွန်မြတ်သည့် ရည်ရွယ်ချက်များနှင့် အခြေခံမူများ၊ ရှေ့လုပ်ငန်းစဉ် များချမှတ်ပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အမျိုးသမီးများဘဝ သာယာရေး၊ လူမှုဘဝလုံခြုံရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မား ရေးတို့အတွက် အမျိုးသမီးရေးရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ ကျေးလက်ဒေသများ တွင် အဖွဲ့ဝင်များအနေဖြင့် ကျေးရွာအုပ်စုများနှင့် ပူးပေါင်းပြီး အမျိုးသမီးများနှင့် ကလေးသူငယ် များ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား သည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အတွင်း အမျိုးသမီးများနှင့် ကလေးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး နာယကအဖွဲ့ဝင် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး၏ ဇနီး ဒေါ်ဒေါင်နန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး၏ ဇနီး ဒေါ်သွဲ့လေးအောင်တို့က အလှူရှင်များ ကိုယ်စား ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့အတွက် အလှူငွေကျပ် (၄၅)သိန်းကို လှူဒါန်းပေးအပ်ပြီး နာယကအဖွဲ့ဝင် များနှင့် ဥက္ကဋ္ဌတို့က ပြည်နယ်အတွင်း ရန်ပုံငွေနည်းပါသည့် မြို့နယ်နှင့် မြို့များအဖွဲ့ဝင်များအတွက် မတည်ရင်းနှီးငွေကျပ် ၃၀၀၀၀၀ စီဖြင့် စုစုပေါင်း မြို့နယ်နှင့်မြို့ (၈)ခုအတွက် ငွေကျပ် ၂၄၀၀၀၀၀ နှင့် အဖွဲ့ဝင် ဝတ်စုံများ၊ အဖွဲ့ဝင်ကတ်နှင့် ရင်းထိုးတံဆိပ်များကို ခရိုင်အလိုက် အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အလားတူ ခရိုင်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များအတွက်ကိုလည်း နာယကအဖွဲ့ဝင် များနှင့် ဥက္ကဋ္ဌတို့က ရင်းနှီးမတည်ထောက်ပံ့ငွေများ၊ အသင်းဝင်ကတ်၊ ရင်ထိုးတံဆိပ်နှင့် အသင်းပိုင်သားဖွားခန်းမများ အတွက် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ခရိုင်ဥက္ကဋ္ဌများက ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)