ချီဖွေမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

ချီဖွေ ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေး၊ ဉာဏ်ပညာ မြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ကျောင်းသူများသည်  တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် မှန်ကန်သော အတွေးအခေါ်များ ရှိလာစေရန်၊ အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်သော လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်နှင့် အများရှေ့တွင် ရဲဝံ့စွာပြောဆို ဆွေးနွေးတတ်လာ‌စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ Grade-11 မှ မောင်မန်ကျီလွမ်းခေါင်က လူငယ်နှင့်ကျန်းမာ‌ရေး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-11 မှ မောင်‌ကျော်မင်းခန့်က လူငယ်နှင့်ယဥ်‌ကျေးမှုတန်းဖိုး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 မှ မနှင်းဝတ်လွှာက လူငယ်နှင့်‌ခေါင်းဆောင်မှုကဏ္ဍ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-10 မှ မဆောင်ဆွေက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာစောင်များစုံလင်စွာ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြသည်။

မြိုနယ်(ပြန်/ဆက်)