ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မျိုးမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဟောပြောပြီးကျောင်းသား၊ ကျောင်းသူလေးများအား နေ့ထူးနေ့မြတ်နေ့များကို တန်ဖိုးထားမြတ်နိုးတတ်လာစေရန် ရည်ရွယ်လျက်ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မိမိတို့စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲ၌ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စီးပွားရေးဘဏ်၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ခဲ့ကြောင်း သိရသည်။

 ဧပရယ်မိုး (ဆွမ်ပရာဘွမ်)