မိုင်းဆတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား မြို့မ ဈေးရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် ယနေ့နံနက် (၇)နာရီက ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆက်လက် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မိမိတို့ နေအိမ် တွင်နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေသွားလာရပါက နှာခေါင်းစည်း MASK တပ်ဆင်သွားရန် အသိပညာပေးခြင်းနှင့် MASK မတ်တပ်ဆင်သွားလာခြင်းမရှိသူများအား မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့ တွင် နေ့စဉ်စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက MASK တပ်ဆင်သွားလာခြင်း မရှိသူ(၄)ဦးအား အရေးယူသည့်အနေဖြင့် MASK(၁၀)ခု ဝယ်ယူစေပြီး(၅)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်းစေ၍ ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးဆက်သွားခွင့် ပြုခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်း ဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုပြေ တို့ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)