ပန်းဘဲတန်းမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မပြုရန် အသိပညာပေးဆောင်ရွက်

ပန်းဘဲတန်း စက်တင်ဘာ ၂၈


ပန်းဘဲတန်းမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မပြုရန် အသိပညာပေးခြင်းကို ယန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းပေါ်တွင် သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး စက်တင်ဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့ထိ ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှလွဲပြီး အကြောင်းမဲ့ ပြင်ပထွက်ခွာသွားလာခြင်း မပြုရန် ယာဉ်များအား တားဆီးပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ညွန့်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်ကို၊ စည်ပင်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)