မချမ်းဘော့ ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ အသက် ၆ လမှအသက်၅နှစ်ထိ ကလေးငယ်များအား ဗီတာအေနှင့်သံချဆေးတိုက်ကျွေးခြင်းကို မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် အသက်၆လမှ ၅နှစ်အောက်ကလေးများအား ပေါင်ချိန်ချိန်ပေးခြင်း၊ လက်မောင်းပတ်တိုင်းတာခြင်း၊ အသက် ၆လမှ ၁နှစ်ထိ ကလေးများအားဗီတာမင်အေ တစ်သိန်းအား၊ အသက် ၂နှစ်မှ ၅နှစ်ထိ ကလေးများအားဗီတာမင်အေ နှစ်သိန်းအားတိုက်ကျွေးခြင်းနှင့် သံချဆေးတိုက် ကျွေးခြင်းများပါ ဆောင်ရွက်ပေးလျက်ရှိပြီး မချမ်းဘော့မြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် မချမ်းဘော့မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနများတွင်လည်း တပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)